latest Post

Startups များအတွက် Digital Marketing Tools (၇) မျိုး

Startup ဘဝတွေဟာ ခက်ခဲပါတယ်.။ Marketing, budget နဲ့  အခြားလုပ်စရာတွေ အများကြီး ရှိနေတဲ့အထဲမှာ digital marketing ဟာလဲ တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်.။ ယခုဖော်ပြပေးထားတဲ့ Tools တွေကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာပြီး digital marketing လုပ်ငန်းတွေကို လျှင်လျှင်မြန်မြန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်.။

Google Analytics
Google Analytics ဟာ ငြင်းချက်ထုတ်စရာမရှိတဲ့ အကောင်းဆုံး Tool တစ်ခုဖြစ်ပါတယ်.။ Real time မှသည် တစ်နေ့ချင်း၊ တစ်လချင်း၊ အလိုက်ကြည့်နိုင်သလို Custom Dashboard အသုံးပြုပြီး Page အလိုက်၊ User action အလိုက်လဲ ကြည့်နိုင်ပါသေးတယ်.။

SEMRush
Website တွေရဲ့ SEO ပိုင်းနဲ့ပတ်သက်လာရင် SEMRush ဟာ သုံးရတာအဆင်ပြေပြီး တိကျတဲ့ Tool တစ်ခုဖြစ်ပါတယ်.။ ကိုယ့် website အတွက် သင့်လျော်တဲ့ Keywords တွေရှာဖွေရာမှာ သုံးနိုင်သလို ကိုယ့်ရဲ့ Competitors တွေကို ထောက်လှမ်းဖို့လဲ သုံးနိုင်ပါသေးတယ်.။

Buffer
Social Media Tool တစ်ခုဖြစ်တဲ့ Buffer ဟာ social media နဲ့ပတ်သက်တဲ့ Facebook Page, Twitter, Linkedin အစရှိတဲ့ profile တွေကို ချိတ်ဆက်ထားနိုင်ပြီး တစ်ပြိုင်နက် share လုပ်ဖို့ သင့်တော်ပါတယ်.။ ဒါ့အပြင် Share လုပ်မယ့် Post တွေကို အချိန်သတ်မှတ်ပြီး ကြိုတင်ထည့်သွင်းထားနိုင်တဲ့အတွက် ကိုယ်အိပ်နေရင်တောင် ကိုယ့်ရဲ့ Social Account တွေက ပုံမှန်လှုပ်ရှားနေအောင် လုပ်ဆောင်နိုင်ပါတယ်.။

FollowerWonk
Twitter အတွက်တော့ FollowerWonk ကို Buffer နဲ့ တွဲဖက်အသုံးပြုတာ အဆင်ပြေပါတယ်.။ FollowerWonk ဟာ သင်လိုချင်တဲ့ Audience တွေရဲ့ Online တက်တဲ့အချိန်ကို တွက်ချက်ပေးပြီး Buffer နဲ့ချိတ်ဆက်ကာ Tweet တွေ တင်ပေးနိုင်ပါတယ်.။

Stockup
Blog ရေးတဲ့အခါ အသုံးဝင်မယ့် ပုံကောင်းကောင်းတွေလိုအပ်မှာ သေချာပါတယ်.။ Stockup ဟာ ပုံတွေနဲ့ပတ်သက်လာရင် Google လိုပါပဲ.။ အကောင်းဆုံး Quality ရှိတဲ့ပုံတွေ ထောင်ပေါင်းများစွာကို ရှာဖွေနိုင်ပြီး Blog မှာအသုံးချနိုင်ပါတယ်.။

Statista
Statista ဟာ စာရေးတဲ့အခါ အတော်လေးအသုံးဝင်တဲ့ Tool တစ်ခုဖြစ်ပါတယ်.။ Google Trend နဲ့ ဆင်တူပေမယ့် Statista က ပိုမိုပြည့်စုံတဲ့အချက်အလက်တွေ ရှာဖွေပေးနိုင်ပါတယ်.။ ဥပမာ - WeChat ရဲ့ နှစ်အလိုက်တိုးတက်မှု၊ Google နဲ့ Apple Store တွေမှာ App ဘယ်လောက်ရှိသလဲ စသည်ဖြင့်ဖြစ်ပါတယ်.။

Mention
Mention ဟာ လတ်တလော အွန်လိုင်းမှာ ဘာတွေလုပ်နေလဲဆိုတာကို သိရဖို့ အသုံးဝင်ပါတယ်.။ Google Alerts ကိုလည်း အသုံးပြုနိုင်ပေမယ့် Real Time မဟုတ်ပါဘူး.။ Google Alerts ဟာ Google ရဲ့ Crawlers တွေက တစ်နေရာကိုရောက်သွားမှသာ Update ဖြစ်တာဖြစ်ပါတယ်.။ Mention ကတော့ Real Time Data တွေထုတ်ပေးနိုင်ပါတယ်.။


အထက်ပါ Tools တွေဟာ Digital Marketing နဲ့ပတ်သက်လာရင် အထောက်အကူပြုပေးနိုင်တဲ့ Tools တွေဖြစ်ပါတယ်.။ အခမဲ့တွေပါဝင်သလို အခပေးပြီးသုံးရတဲ့ Tools တွေလဲပါဝင်ပါတယ်.။ သင့်အတွက်အသုံးဝင်မယ်လို့ ယုံကြည်ရင် သင့်လိုပဲ အသုံးဝင်နိုင်မယ့်သူတွေအတွက် Share ပေးနိုင်ပါတယ်.။

Written by: အောင်မွန်ချမ်း
www.myanmarleaders.com

About The Collector

The Collector
Recommended Posts × +

0 comments:

Post a Comment