latest Post

Etoro ဖြင့် ပိုက်ဆံရှာခြင်း

မြန်မာနိုင်ငံမှာ Forex Trading တွေ စတင်ခေတ်စားလို့ နေပါပြီ.။ Forex Trading ဆိုတာ Currency Exchange ကိုအသုံးပြုပြီး ဈေးတက်မယ်ထင်တဲ့ငွေအမျိုးအစားကိုဝယ်ယူ၊ ဈေးကျမယ်ထင်တဲ့အမျိုးအစားကို ရောင်းထုတ်ခြင်းခြင့် ပိုက်ဆံရှာနိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်.။ Stock Exchange နဲ့ပုံစံတူပေမယ့် Forex က အရွယ်အစားပိုကြီးပါတယ်.။ မြန်မာနိုင်ငံမှာလဲ Brooker တွေ Agent တွေ ရှိနေပြီဖြစ်ပါတယ်.။ Etoro ဟာလဲ Forex Trading Platform တစ်ခုဖြစ်ပါတယ်.။ ဒါပေမယ့် အခြား platfrom တွေနဲ့တော့ မတူပါဘူး.။

Etoro ဆိုတာဘာလဲ
Etoro ဆိုတာ Trading Platform ကို Social နဲ့ တွဲဖက်ထားတာလို့ ဆိုနိုင်ပါတယ်.။ "Facebook for Forex" ပေါ့.။ တစ်ယောက်ယောက်က Currency ကို အရောင်းအဝယ်ကစားရင် တခြားသူတွေက မြင်ရတယ်.။ အဲလိုပေါ့.။ ဒီမှာကောင်းတဲ့အချက်က ခုမှစလုပ်တဲ့သူတွေ ကစားရင် မြင်ရသလို ဆရာ့ဆရာကြီးတွေ ကစားရင်လဲ မြင်ရတယ်.။ နောက်တစ်ခုက Copy ကူးရုံနဲ့ ပိုက်ဆံရှာလို့ရပါတယ်.။

Copy ကူးခြင်းဖြင့် ပိုက်ဆံရှာခြင်း
Etoro မှာ အကောင့်တစ်ခုလုပ်၊ ပိုက်ဆံ deposit သွင်းပြီးတာနဲ့ Copy ကူးလို့ရပါပြီ.။ Copy ကူးတယ်ဆိုတာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ Trade လုပ်နေတာကို ကိုယ်ကဘာမှအားစိုက်စရာမလိုဘဲ Copy ကူးထားရုံနဲ့ သူတို့ Trade တဲ့အတိုင်း ကိုယ့်အကောင့်ကလဲ Trade လိုက်လုပ်သွားတာကို ဆိုလိုပါတယ်.။

Etoro မှာ Trade လုပ်နိုင်တဲ့အမျိုးအစား လေးမျိုးရှိပါတယ်.။ Currency (Forex), Stocks (Apple, Google), Commodities (ရွှေ၊ ငွေ၊ ရေနံ), နဲ့ Indices ဆိုပြီးရှိပါတယ်.။ အများဆုံး Trade ကျတာကတော့ Forex နဲ့ Commodities ပါ.။

Etoro မှာ ကော်ပီကူးလို့ရသလို ကိုယ်တိုင်လဲ Trade လုပ်လို့ရပါတယ်.။ သင့်အနေနဲ့ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူးဆိုရင်တော့ ကိုယ်တိုင် Trade မလုပ်ဖို့ ပြောပါရစေ.။ ကိုယ်တိုင်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာလေ့လာဖို့လိုပါတယ်.။

Etoro နှင့် စတင်ပိုက်ဆံရှာခြင်း
Etoro မှာ ပိုက်ဆံရှာဖို့အတွက် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ပါ.။

Step 1: Etoro ကို ဒီ Link ကနေတဆင့် အကောင့်ဖွင့်ပြီး ဝင်ရောက်ပါ.။ Etoro က သင့်ကို Free Bonus ပေးမှာဖြစ်ပါတယ်.။ ဒါပေမယ့် သင် Copy Trade စလုပ်ဖို့အတွက် Deposit နည်းနည်းတင်ဖို့တော့ လိုအပ်ပါတယ်.။ Trader တစ်ယောက်ကို Copy ကူးဖို့အတွက် $100 လိုအပ်ပါတယ်.။ $400 လောက်အသုံးပြုပြီး 4 ယောက်လောက်ကို Copy ကူးကြည့်ဖို့ အကြံပေးချင်ပါတယ်.။ Trader တိုင်းဟာ အမြဲတမ်းတော်နေတာမဟုတ်တဲ့အတွက် 4 ယောက်လောက်ကို ကူးထားခြင်းဖြင့် သင့်ငွေတွေအကုန် ဆုံးရှုံးသွားခြင်းမျိုး မဖြစ်နိုင်တော့ပါဘူး.။ Deposit တင်ဖို့အတွက် Visa, MasterCard, Paypal တစ်ခုခုလိုအပ်ပါတယ်.။

Step 2: Copy စကူးကြည့်ပါ.။ Copy ကူးမယ့်သူတွေကို People ထဲမှာ ရှာလို့ရပါတယ်.။ တစ်ချို့သူတွေရဲ့ Trade တွေဟာ သင်က သူ့ကို Copy ကူးထားပေမယ့် သူလုပ်တဲ့ Trade တွေအားလုံးကို မကူးဘဲ တစ်ချို့တစ်လေကျန်နေတာ တွေ့ရတတ်ပါတယ်.။ အဲဒါက သင် Copy ကူးတဲ့ Amount နည်းလို့ပါ.။ တစ်ယောက်ကို $100 လောက်နဲ့ပဲကူးရင် အားလုံးကို ခြုံမိမှာပါ.။

Step 3: စိတ်ရှည်ရှည်စောင့်ပါ.။ စိတ်ရှည်ခြင်းဟာ ဒီနေရာမှာ အဓိကသော့ချက်ပါ.။ တစ်ချို့ Trader တွေဟာ တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ Trade ကြပါတယ်.။ တစ်ချို့ကတော့ အများကြီး Trade တတ်ပါတယ်.။ စိတ်မရှည်ဘဲ ကိုယ်ကိုယ်တိုင် Trade ကြည့်ဖို့ စိတ်မကူးပါနဲ့.။ တကယ်လို့ Trader တစ်ယောက်ဟာ (3) ပတ်လောက်အတွင်း တစ်ခါမှ Trade မလုပ်ဘူးဆိုရင်တော့ တစ်ခြားတစ်ယောက်ကို ပြောင်းပြီး Copy ကူးသင့်ပါတယ်.။

Copy Trading အတွက် Tips & Tricks များ

  • ကိုယ့်ဟာကိုယ် Trade ဖို့မကျိုးစားပါနဲ့ဦး.။ မကျွမ်းကျင်ဘဲလုပ်မိရင် ရှိသမျှကုန်သွားနိုင်လို့ပါ.။ ပြီးတော့ အရှုံးခံနိုင်တဲ့ Amount ကိုသာ ထည့်သွင်းပြီးစမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါတယ်.။ ကိုယ့်ဟာကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ Demo Account နဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်.။
  • အနည်းဆုံး ၄ ယောက်ကို Copy ကူးပါ.။ Trading ဟာ Risk များပါတယ်.။ ၄ ယောက်လောက်ကို ဖြန့်ပြီး Copy ကူးခြင်းဖြင့် Risk ကို လျှော့ချနိုင်ပါတယ်.။
  • 100% Gain ရှိနေတဲ့သူတွေကို ကော်ပီမကူးပါနဲ့.။ သူတို့ဟာ High Risk ယူတဲ့သူတွေဖြစ်ပါတယ်.။ 30% Gain ပတ်ဝန်းကျင်ရှိသူတွေကိုပဲ Copy ကူးပါ.။


About The Collector

The Collector
Recommended Posts × +

1 comments:

  1. Hi Ko Aung Mon Chan

    I tried to open an account there, but it needs phone number..
    But there's no Myanmar code :D

    Please let me know how to overcome this..
    Thanks.

    ReplyDelete