latest Post

ရေဘေးသင့်ဒေသများအတွက် Information များစုစည်းပေးမယ့် Website (2) ခု


ရေဘေးသင့်ဒေသများရဲ့ အချက်အလက်များကို သိလိုသူများနဲ့ လှုဒါန်းလိုသူများအတွက် website (၂) ခုကို ရွေးချယ်တင်ပြပေးထားပါတယ်.။ (3 Mins Read)


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးရေဘေးဒဏ်ကို ခံစားနေရတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ.။ ဒီရေဘေးဒဏ်သင့်နေတဲ့ ဒေသတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံသားတွေရော ကမ္ဘာကပါ ကြိုးပမ်းနေကြတဲ့အချိန်မှာ လိုအပ်တဲ့ အချက်အလက်တွေနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ နည်းပညာသမားတွေကြိုးပမ်းတည်ဆောက်ထားတဲ့ website (2) ခုကို မိတ်ဆက်တင်ပြပေးလိုက်ပါတယ်.။

Myanmar Disaster


ဒီ website မှာ ရေဘေးအတွက်ပါဝင်လှုဒါန်းလိုသူများအတွက် လှုဒါန်းနိုင်တဲ့အဖွဲ့အစည်းများ၊ လိပ်စာနဲ့ ဖုန်းနံပါတ်များ၊ လိုအပ်နေတဲ့အကူအညီများ၊ သွားရောက်ကူညီကြမယ့်သူများအတွက် Information များနဲ့ နောက်ဆုံးရသတင်းနဲ့ ကြေညာချက်များကို တင်ပြပေးထားပါတယ်.။

Myanmar Flood Information


ဒီ website မှာဆိုရင်လဲ ရေဘေးအတွက်ကူညီနေတဲ့ အသင်းအဖွဲ့တွေရဲ့ information တွေ၊ သတင်းတွေ၊ ရေလွှမ်းမိုးခံနေရတဲ့ ဒေသတွေရဲ့ information တွေနဲ့ အွန်လိုင်းကတဆင့် ကူညီလှုဒါန်းလိုသူတွေအတွက် အချက်အလက်တွေကို စုစည်းတင်ပြပေးထားတာတွေ့ရပါတယ်.။

နိုင်ငံအဝှမ်းဖြစ်ပေါ်နေတဲ့ ရေဘေးဒဏ်ကို ကူညီကယ်ဆယ်နိုင်စေဖို့ အခြားသိထားတဲ့ နည်းလမ်းများ ရှိရင်လဲ ပြောပြပေးခဲ့စေချင်ပါတယ်.။ ဒီ Post မှာ Update လုပ်ပေးသွားမှာဖြစ်ပါတယ်.။

အောင်မွန်ချမ်း
www.myanmarleaders.com
#SaveMyanmar #SupportMyanmar

About The Collector

The Collector
Recommended Posts × +

0 comments:

Post a Comment