MyanmarLeaders.com ၏ တစ်နှစ်ပြည့်အမှတ်တရအဖြစ် တည်ထောင်ရခြင်းရည်ရွယ်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းပြပေးထားပါတယ်.။ (5 Mins Read)
မင်္ဂလာပါ.။ 2014 ခုနှစ် သြဂတ်စ်လမှာ စတင်ခဲ့တဲ့ ကျွန်တော့်ရဲ့ Myanmar Leaders ဟာ အခုဒီလမှာ (၁) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်.။ ခုလို (၁) နှစ်ပြည်တဲ့ နှစ်ပတ်လည်အချိန်မှာ ကျွန်တော့် Blog ရဲ့ အဓိကရည်ရွယ်ချက် နဲ့ အနာဂတ်မှာ ဆက်သွားမယ့် အစီအစဉ်တွေကို ရှင်းပြသင့်တယ်လို့ ထင်တဲ့အတွက် ဒီစာကို ရေးရခြင်းဖြစ်ပါတယ်.။
အရင်ဆုံး ကျွန်တော့်အကြောင်း နည်းနည်းပြောပြရရင် ကျွန်တော်ဟာ ငယ်စဉ်ဘဝကတည်းက နည်းပညာ နဲ့ စာရေးသားခြင်းတွေကို ခုံမင်နှစ်သက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်.။ ကျွန်တော် အသက် (၁၉) နှစ်၊ (၂၀၀၉) လောက်မှာ ကျွန်တော်တတ်နိုင်တဲ့ အင်အားနဲ့ www.ning.com ကိုသုံးပြီး Social Network တစ်ခုတည်ထောင်ခဲ့ပါတယ်.။ အဲဒီတုန်းက Facebook မပေါ်သေးတော့ ကျွန်တော့် Network ကို လူငယ်တွေ အတော်လေးသုံးခဲ့ကြပါတယ်.။ အဲဒီ Network ပျက်သွားပြီးနောက် ကျွန်တော် Blog တွေထောင်တယ်၊ ဖိုရမ်တွေပေါ်မှာ စာရေးတယ်.။ အဲဒီကနေ အခု MyanmarLeaders.com ကို တည်ထောင်ဖြစ်တဲ့အထိပါပဲ.။
MyanmarLeaders.com ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံ ဒီလိုပွင့်လင်းလာပြီးနောက်မှာ Online မှာရှိနေတဲ့ အသိပညာအတတ်ပညာတွေကို ကိုယ်တတ်နိုင်တဲ့ ဘက်က ပြန်လည်မျှဝေဖို့ပါပဲ.။ ကျွန်တော် အင်တာနက်မှာ လျှောက်သွားရင်း ကြိုက်တာတွေ့ရင် Save ထား၊ ဘာသာပြန်ပြီး blog မှာပြန်တင်ပေးပါတယ်.။ ဒီနည်းနဲ့ ကျွန်တော်တို့နိုင်ငံက အချိန်မပေးနိုင်တဲ့သူတွေကို အင်္ဂလိပ်လိုတွေ ဖတ်နေရမယ့်အစား မြန်မာလို အလွယ်တကူ ဖတ်နိုင်အောင် အကူအညီပေးဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ဖြစ်ခဲ့တာဖြစ်ပါတယ်.။ စတင်တည်ထောင်စဉ်ကတော့ ဖတ်တဲ့သူ တစ်လလုံးမှာမှ (၁၀၀) ပြည့်အောင် မရှိခဲ့ပါဘူး.။ အခုအချိန်မှာတော့ နောက်ဆုံး အခု သြဂတ်စ်လမှာ ဖတ်ရှုသူ (၂၀၀၀) ကျော်အထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်.။
တစ်ခုကို အလေးအနက်ထားပြီး ပြောပြချင်တာကတော့ ကျွန်တော်ဟာ စာဖတ်သူများကို ဆရာလုပ်နေခြင်း မဟုတ်ပါဘူး.။ ကျွန်တော်ဖတ်ထားမှတ်ထား သိရှိထားတာတွေကို ကျွန်တော့်အတွေ့အကြုံတွေနဲ့ ရောမွှေပြီး ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်.။ ဒါကြောင့် ကျွန်တော့်ကို ဆရာလုပ်နေတယ်လို့ အမြင်မစောင်းကြစေဖို့ တောင်းပန်ချင်တာဖြစ်ပါတယ်.။
MyanmarLeaders.com ဟာ စတင်တည်ထောင်စဉ်ကတည်းက Startup Life, Entrepreneurship, Social Media, SEO နဲ့ Productivity အစရှိတဲ့ Topic တွေကို ရေးသားခဲ့ပါတယ်.။ နောက်ထပ်လဲ ဒီ Topic တွေကိုပဲ ဆက်လက်ရေးသားသွားဦးမှာပါ.။ ဒီ Topic တွေကို စာဖတ်သူများအတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းများနဲ့ ဆက်လက်တင်ဆက်ပေးသွားဖို့ ကျွန်တော်တို့ ကြိုးစားသွားဦးမှာဖြစ်ပါတယ်.။ ဒါ့အပြင် စာဖတ်သူများအတွက် ဖတ်နေရုံတင်မကဘဲ အခြားအကျိုးရှိစေမယ့် Services နဲ့ ကဏ္ဍတွေကို တိုးချဲ့ဖို့လဲ ကျွန်တော်တို့ စီစဉ်ထားပါတယ်.။
စာဖတ်သူများကို အကူအညီတစ်ခု တောင်းချင်တာကတော့ ကျွန်တော်တို့ မျှဝေချင်တာလေးတွေကို စာဖတ်သူများရဲ့ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းများကို ပြန်လည်ဝေမျှပေးခြင်းဖြင့် ကျွန်တော်တို့ကို ကူညီပေးစေချင်ပါတယ်.။ မိတ်ဆွေတို့ရဲ့ လက်ဆင့်ကမ်းပေးခြင်းဟာ ကျွန်တော်တို့အတွက် အားဆေးပါ.။ ဒါကြောင့် ကူညီပေးကြဖို့ တောင်းဆိုပါရစေ.။
အိုကေ.. ကျွန်တော်ပြောချင်တာလေးတွေလဲ ပြောပြီးပြီဆိုတော့ အားလုံးပဲ မင်္ဂလာနေ့ပါ.။ (၁) နှစ်ပြည့်တဲ့ အချိန်အထိ ဖတ်ရှုနေခဲ့ကြတဲ့ စာဖတ်သူများကိုလဲ ကျေးဇူးတင်ပါတယ်.။ နောက်ထပ်ရောက်လာမယ့် စာဖတ်သူများကိုလဲ ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်ခင်ဗျား.။
လေးစားသမှုဖြင့်
အောင်မွန်ချမ်း
www.myanmarleaders.com


0 comments:
Post a Comment