latest Post

Social Media တွေမှတဆင့် ကိုယ့် Website ကိုဆွဲဆောင်ရန် Tips (10) ခု





Social Media တွေဟာ ယနေ့ခေတ်မှာ အရေးပါတဲ့နေရာတစ်ခုကနေ ပါဝင်လာပြီဖြစ်ပါတယ်.။ Websites
ပေါင်း 300,000 ကျော်ကို အချိန် (4) လလောက်ပေးပြီး လေ့လာခဲ့ရာမှာ Website တွေကို လာကြည့်တဲ့
Traffic အားလုံးရဲ့ 30% ကျော်ဟာ Social Media မှတဆင့် ရောက်လာတာဖြစ်ကြောင်း တွေ့ရပါတယ်.။


တကယ်လို့ သင့် Website ဟာ အဲဒီ ရာခိုင်နှုန်းရဲ့ အောက်သာ Social Media ကနေ Traffic ရရှိနေတယ်
ဆိုရင် အောက်ပါ Tips များနဲ့ သင့် Traffic ကို မြှင့်တင်နိုင်ပါတယ်.။

1. Custom-formatted tweets (Twitter)
Twitter မှာ Tweet အများစုဟာ သတိပြုခံရခြင်းမရှိဘဲ ကျော်သွားတတ်ကြပါတယ်.။ Tweet ရေးသားရာမှာ
Line break ဆင်းတာမျိုး၊ Font Color အလန်းသုံးတာမျိုးတွေနဲ့ Custom-formatted ပြုလုပ်ပြီး မိမိ Tweet
ကို အများသတိထားမိအောင် လုပ်ဆောင်နိုင်ပါတယ်.။ Emoji နဲ့ Smiley သုံးတာမျိုးတွေ Fun Symbol သုံး
တာမျိုးတွေနဲ့ လဲ ဆွဲဆောင်နိုင်ပါတယ်.။

2. Write longer posts.
Twitter မှာ စာလုံးရေ 140 သာ ကန့်သတ်ထားတယ်ဆိုပေမယ့် Facebook နဲ့ Google Plus မှာတော့ Post
ရှည်ရှည်တွေရေးသားဖို့ အဆင်ပြေပါတယ်.။ ဒါပေမယ့် အရမ်းကြီးရှည်လွန်းရင်လဲ မကောင်းပါဘူး.။ User
annoy မဖြစ်နိုင်လောက်တဲ့ Post မတိုမရှည်လေးတွေရေးသားနိုင်ရင် ပိုကောင်းပါတယ်.။

3. Build Facebook Groups

Facebook မှာ Group များတည်ဆောက်ခြင်းဟာလဲ ကိုယ့် Website ကို Traffic များများရစေဖို့ နည်းလမ်း
ကောင်းတစ်ခုပါပဲ.။ အများစိတ်ဝင်စားမယ့် Group များတည်ဆောက်ပြီး သူငယ်ချင်းများကို ထည့်သွင်းခြင်း၊
Post များရေးခြင်းအားဖြင့် ကိုယ့် Website ကို ကြော်ငြာနိုင်ပါတယ်.။

4. Market across many social platforms
Social platforms တစ်ခုထဲမဟုတ်ဘဲ Social Media အများစုမှာ တစ်ပြိုင်တည်း ပို့စ်တင်ပြီး User များများ
ဆီကိုရောက်အောင် ဆွဲဆောင်သင့်ပါတယ်.။ အသုံးများတဲ့ Social Media များကတော့ Facebook, Twitter, Google Plus, Linkedin, Instagram, Pinterest အစရှိတာတွေဖြစ်ပါတယ်.။

5. Facilitate meaningful connections
ကိုယ့် users တွေကို တစ်ယောက်နဲ့တစ်ယောက် connections ရှိအောင်၊ သင်နဲ့လဲ အပြန်အလှန် relationshipရှိလာအောင် တည်ဆောက်သင့်ပါတယ်.။ Post အောက်မှာ အပြန်အလှန် Comment ပေးခြင်း၊ Share ခြင်း၊အကြောင်းအရာကို အပြန်အလှန်ဆွေးနွေးခြင်းအားဖြင့် ရင်းနှီးမှုတည်ဆောက်နိုင်ပြီး သင့် Brand ပေါ် ချစ်ခင်မှုတွေ တိုးပွားစေနိုင်ပါတယ်.။

6.Crowdsource user-generated content
User တွေကိုယ်တိုင် ဖန်တီးထားတဲ့ Content တွေကို လှပတဲ့ Visuals တွေနဲ့ ပေါင်းစပ်ပြီး Post တင်ပေးတာမျိုးတွေလဲ ပြုလုပ်သင့်ပါတယ်.။ User တွေကိုယ်တိုင်ရဲ့ ဖန်တီးမှုတွေကတဆင့် ကိုယ့် Website (သို့) Brandရဲ့ Image ကို တိုးတက်စေနိုင်ပါတယ်.။

7. Be a little weird
နဲနဲလေး ပေါပေးတာမျိုးလဲ လုပ်သင့်ပါတယ်.။ အမြဲ ရုပ်တည်ကြီးနဲ့ စာတွေချည်းရေးမနေဘဲ User တွေနဲ့
ပြောင်ပြောင်နောက်နောက် စနောက်နေတာမျိုးတွေ၊ ရယ်စရာတွေတင်ပေးတာမျိုးတွေကတဆင့် User တွေကိုပျော်ရွှင်အောင် ထားပေးနိုင်ရင် ပိုကောင်းပါတယ်.။

8. Stand behind your actions.
Ban သင့်သူကို Ban အရေးယူသင့်သူကို အရေးယူခြင်းလဲ လုပ်ပေးရပါမယ်.။ ပြီးတော့ မိမိလုပ်လိုက်တဲ့
Actions ကိုလဲ နောင်တမရဘဲ အပြည့်အဝ တာဝန်ယူပေးနိုင်ရပါမယ်.။

9. Put a positive spin on things.
စိတ်တိုဒေါသထွက်တိုင်းလဲ Negative ဆန်တဲ့ အကြောင်းအရာတွေမပြောသင့်ပါဘူး.။ အဲဒီအစား Positive
တွေပဲပြောပြီး User တွေရဲ့ အရေးကြီးတဲ့အချက်တွေကို ဂရုစိုက်ကြောင်း ပြသရပါမယ်.။ User တွေဟာ
စိတ်ညစ်စရာတွေထက် ပျော်စရာတွေပဲ ဖတ်ချင်ကြတာပါ.။ အဲဒါကို သိထားပြီး ဂရုစိုက်ပေးရပါမယ်.။

10. Provide a bit of structure.
User တွေကို မေးခွန်းများမေးခြင်း၊ အပြန်အလှန်စကားပြောပေးခြင်းအားဖြင့် User တွေရဲ့ စိတ်ကို သိအောင်လုပ်ဆောင်ရပါမယ်.။ သူတို့ဖြေတဲ့အဖြေများမှတဆင့် ကိုယ်ဘာလုပ်ရမလဲဆိုတာ သိနိုင်သလို သူတို့အနေနဲ့ကိုယ်နဲ့ ကိုယ့် Website (brand) အပေါ်ဘယ်လိုသဘောထားလဲဆိုတာလဲ သိနိုင်ပါလိမ့်မယ်.။

Ref: Entrepreneur

About The Collector

The Collector
Recommended Posts × +

0 comments:

Post a Comment