latest Post

အောင်မြင်မှုရဖို့အတွက် လက်မလျှော့ပါနဲ့...

2003 ခုနှစ်ကဖြစ်ပါတယ်.။ ဗွီဒီယိုဂိမ်းတွေ ဖန်တီးရတာ ကြိုက်တဲ့ ဖင်လန်နိုင်ငံသားကောင်လေး အချို့ဟာ သူတို့ရဲ့ ဝါသနာကို Video Games ကုမ္ပဏီတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်.။ သူတို့ရဲ့ plan ကတော့ မအောင်မြင်မချင်း ဂိမ်းတွေတစ်ခုခုပြီးတစ်ခု ထုတ်သွားမယ်.။ တစ်ခုခုမှာတော့ အောင်မြင်မှာပဲဆိုပြီး ဂိမ်းတွေ စတင်ရေးဆွဲခဲ့ပါတယ်.။


6 နှစ်ကျော်ကြာပြီးနောက်၊ ဂိမ်းပေါင်း 51 ခုရေးဆွဲပြီးနောက်၊ ဒုံရင်းကဒုံရင်းပါပဲ.။ တိုးတက်မှုတစ်စုံတစ်ရာ မရှိသေးပါဘူး.။ သူတို့ရဲ့ 52 ခုမြောက်ဂိမ်းဟာ ငှက်တွေပါဝင်တဲ့ ပစ်ခတ်ရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်.။

ခုချိန်မှာ သူတို့ရဲ့ဂိမ်းကို ကစားသူပေါင်း သန်းတစ်ထောင်ကျော်ရှိနေခဲ့ပြီး၊ ဝန်ထမ်းပေါင်း 500 ကျော်ရှိနေပြီဖြစ်ပါတယ်.။ NASA, Starwars နဲ့ တရုတ်အစိုးရ အစရှိတဲ့အဖွဲ့အစည်းတွေနဲ့လဲ partner ဖြစ်နေပြီဖြစ်ပါတယ်.။

သူတို့ရဲ့ 52 ခုမြောက်ဂိမ်းကတော့ "Angry Birds" ဖြစ်ပါတယ်.။

တစ်ခါတစ်လေမှာ အောင်မြင်မှုတစ်ခုရဖို့ ကျရှုံးမှု 51 ကြုံရင်လဲကြုံရနိုင်ပါတယ်.။ အဓိကကတော့ လက်မလျှော့ဖို့ပါပဲ.။

Ref: pollenizer

Keywords: Myanmar Leaders, Angry Birds, Entrepreneurs

About The Collector

The Collector
Recommended Posts × +

0 comments:

Post a Comment