အသစ်တည်ဆောက်တဲ့ Website များအနေနဲ့ အောင်မြင်မှုရချင်တယ် ဆိုရင် အောက်ပါအချက်များကို
ရှောင်သင့်ပါတယ်.။
1. အသုံးပြုသူဘက်က မတွေးပေးခြင်း
ကိုယ်တည်ဆောက်တဲ့ Website ကို
User တွေဘယ်လိုအသုံးပြုမယ်ဆိုတာကို
ကြိုတွေးထားသင့်ပါတယ်.။ Computer
နဲ့သုံးရင်ဘယ်လို Mobile နဲ့သုံးရင် ဘယ်လိုဆိုတာကအစ၊ မလိုအပ်ဘဲ အဆင့်တွေ ပိုနေသလား၊
လေးနေလား၊ အရောင်သုံးတာတွေက မျက်စိစူးလွန်းနေလား အစရှိသဖြင့် တွေးပေးရပါမယ်.။
2. Professional မဟုတ်သူတစ်ဦးကို ခန့်မိခြင်း
Website တည်ဆောက်ဖို့ လိုအပ်တဲ့ဝန်ထမ်းတွေခန့်အပ်တဲ့အခါ Professional စစ်စစ်တွေကို
ခန့်မိဖို့လိုပါတယ်.။ ဈေးသက်သာပြီးရော တော်ရိလျော်ရိတွေကို ခန့်မိရင်
ပိုက်ဆံကုန်အချိန်ကုန်အကျိုးမရှိ ဖြစ်တတ်ပါတယ်.။
3. Goal တွေမသတ်မှတ်ထားခြင်း၊ သတ်မှတ်ထားပြီးရောက်အောင် မသွားခြင်း
သင့် Website ကို ဘယ်လိုဖြစ်အောင်လုပ်မယ်ဆိုတဲ့ Goal တွေသတ်မှတ်ထားသင့်ပါတယ်.။
သတ်မှတ်ပြီးရင်လဲရောက်အောင်သွားဖို့လိုပါတယ်.။ ဒါမှသာ အောင်မြင်တဲ့ Website တစ်ခုဖြစ်လာမှာပါ.။
Subscribe to:
Post Comments
(
Atom
)


0 comments:
Post a Comment