Fiverr ဆိုသည်မှာ..
Fiverr ဆိုတာ Online ကနေပြီး Service တွေလုပ်ဆောင်ပေးခြင်း၊ Digital Product တွေနဲ့ Physical Product တွေရောင်းချခြင်း အစရှိတဲ့ Online Business လုပ်လို့ရတဲ့ Platform တစ်ခုဖြစ်ပါတယ်.။
သူအလုပ်လုပ်ပုံကတော့ Fiverr မှာ Signup လုပ်၊ ကိုယ်ကျွမ်းကျင်ရာအလုပ်တစ်ခုခုကို Gig တစ်ခုအနေနဲ့တင်၊ လာရောက်ကြည့်ရှုသူများက သဘောကျတယ်ဆိုရင် အလုပ်အပ်၊ ကိုယ်က အဲဒီ Service ကိုလုပ်ဆောင်ပေး၊ အချိန်မှီပြီးခဲ့လို့ Customer က Order Complete လုပ်လိုက်ရင် ပိုက်ဆံရ.။ အဲလိုမျိုးပါ.။ Fiverr က Service တွေဟာ Basic အနေနဲ့ $5 ကစတင်ပြီး Level မြင့်လာတာနဲ့အမျှ Gig Extra တွေ ထည့်သွင်းခြင်းဖြင့် $5 မက ပိုမိုကောက်ခံလို့ရလာပါတယ်.။ Fiverr မှာ အလုပ်လုပ်ဖို့အတွက် Paypal Account ရှိထားဖို့တော့လိုပါတယ်.။
ဒါဆိုရင် Fiverr မှာအလုပ်လုပ်ဖို့အတွက် ကိုယ့် Gig ကို လူသိများဖို့ ဝယ်ယူသူရှိဖို့တော့လိုပါတယ်.။ အဲဒီလို ဝယ်ယူသူတွေများလာဖို့ အောက်ပါအချက် (၇) ချက်ကို လုပ်ဆောင်နိုင်ပါတယ်.။
(1) Profile Picture ထည့်သွင်းပါ.။
Profile Picture ထည့်သွင်းခြင်းဖြင့် သင်ဟာ တကယ့်လူတစ်ယောက်ဖြစ်ပြီး အလုပ်လုပ်ဖို့အသင့်ရှိနေသူလို့ ဝယ်သူတွေကို ထင်မြင်စေပါတယ်.။ Psychology သဘောတရားအရ ဘာပုံမှတင်မထားတဲ့သူတစ်ယောက်ကို ယုံကြည်ဖို့ခက်ခဲပါတယ်.။ ဒါကြောင့် သင့်ပုံ (သို့) သင့် Team ရဲ့ Logo ကို Profile မှာ ထည့်သွင်းထားသင့်ပါတယ်.။
(2) ပထမဆုံးအကြိမ် ရောင်းရဖို့နဲ့ High Rating ရဖို့ ဂရုစိုက်ပါ.။
ဝယ်သူတွေဟာ Gig တစ်ခုကို Order မလုပ်ခင်မှာ အဲဒီ Gig နဲ့ပတ်သက်ပြီး Rating ဘယ်လောက် ရရှိထားလဲဆိုတာ ကြည့်တတ်ပါတယ်.။ Rating မရသေးရင် (သို့) Positive Rating မရှိရင် မမှာယူတတ်ကြပါဘူး.။ ဒါကြောင့် ပထမဆုံးဝယ်သူနဲ့ High Rating ရဖို့အရေးကြီးပါတယ်.။
ကျနော့်ကိုယ်ပိုင်အတွေ့အကြုံအရ ကျနော့် Gig တစ်ခုကို ပထမဆုံးဝယ်ယူသူက 5 stars Rating ပေးလိုက်တဲ့အတွက် Order တွေ မတရားတက်လာလို့ အဲဒီ Gig ကို ရပ်ထားလိုက်ရတာတောင် ရှိခဲ့ပါတယ်.။
ပထမဆုံးဝယ်သူရှာမရသေးရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ညီအကိုမောင်နှမမိသားစုဝင်တွေကို အကူအညီတောင်းပြီး သင့် Gig ကို ဝယ်ယူဖို့ ပြောပေးပါ.။
(3) သင်ဘာလုပ်တတ်လဲဆိုတာကို သိပါ.။
သင်ဘာလုပ်တတ်လဲဆိုတာကို သေချာသိခြင်းအားဖြင့် သင့် Gig ရဲ့ Category ရွေးချယ်ရာမှာ လွယ်ကူစေပါတယ်.။ ဥပမာ သင်က Photoshop ကျွမ်းကျင်သူဆိုရင် Graphic Design Category ကိုရွေးချယ်ရမှာပါ.။ Category ရွေးခြင်းဟာ အရေးကြီးပါတယ်.။ သင်တစ်ခုခုကို အရမ်းတော်နေပေမယ့် Category အရွေးမှားလို့ သင့် Gig ကို မြင်တဲ့သူသိပ်မရှိဘူးဆိုရင် သင်လဲ ဝယ်သူရမှာမဟုတ်ပါဘူး.။
(4) Detail Description ကို သေချာရေးပါ.။
သင့် Gig ကို ဝင်ကြည့်သူတွေကို ဆွဲဆောင်ဖို့အတွက် Description ကအရေးကြီးပါတယ်.။ သင်လုပ်နိုင်တာကို သေသေချာချာရေးပြီး သင့်ဘက်ကသေချာကြောင်း ကတိပေးပါ.။ အတတ်နိုင်ဆုံး ရှည်ရှည်ရေးပြီး Informative ဖြစ်အောင် ဂရုစိုက်ပါ.။ FAQ တွေပါ ပါရင်ပိုကောင်းပါတယ်.။
(5) Video ဖိုင်ထည့်သွင်းပါ.။
Video ဖိုင်ထည့်သွင်းခြင်းဟာလဲ ကောင်းမွန်တဲ့ ဆွဲဆောင်မှုတစ်ခုပါ.။
(6) Sale Analytics ကိုသေချာလေ့လာပါ.။
Analytics ကိုလေ့လာခြင်းဖြင့် သင့် Gig မှာဘာတွေလိုအပ်နေလဲ၊ ဘယ်သူတွေက သင့် Gig ကိုဝင်ကြည့်လဲ ဘယ်သူတွေကို Target ထားရမလဲဆိုတာ သိလာပါလိမ့်မယ်.။ အပေါ်မှာပြောခဲ့သလိုပဲ သင့် Gig ကို မြင်ရသူတွေဟာ သင်ပေးထားတဲ့ Offer ကို တကယ်လိုအပ်သူတွေဖြစ်ဖို့လိုပါတယ်.။ ဒါမှသာ သင့်ကို Order မှာကြမှာပါ.။
(7) Keywords တွေကို သေချာရွေးချယ်ပါ.။
Gig ဖန်တီးတဲ့နေရာမှာ Keyword (Tags) ထည့်သွင်းရတဲ့ နေရာပါရှိပါတယ်.။ အဲဒီနေရာမှာ သင့် Gig နဲ့ တိုက်ရိုက်ကိုက်ညီတဲ့ Keyword များထည့်သွင်းခြင်းဖြင့် Search Box မှာရှာလိုက်တဲ့အခါ သင့်ကို ရှာတွေ့မှာပါ.။ အကောင်းဆုံးနည်းလမ်းက သင့် Gig နဲ့သဘောတရားတူတဲ့ Gig တွေထဲက အများဆုံးရောင်းနေရတဲ့ Top Seller တွေကို ရှာဖွေပြီး သူတို့ရဲ့ Keyword တွေကို Copy ကူးယူခြင်းပါပဲ.။
Bonus
သင့် Gig ရဲ့ Title ကို ဂရုတစိုက်ရေးသားပါ.။
Title ဟာ သင့်ရဲ့ အဝတ်အစားနဲ့တူပါတယ်.။ First Impression ရဖို့အတွက် ဆွဲဆောင်မှုရှိတဲ့ Tittle ရေးသားဖို့လိုပါတယ်.။ ကိန်းဂဏန်းနဲ့ အချက်အလက်များ ထည့်သွင်းဖို့ မမေ့ပါနဲ့.။
www.myanmarleaders.com
Subscribe to:
Post Comments
(
Atom
)


0 comments:
Post a Comment