latest Post

ဆွဲဆောင်မှုအရှိဆုံး Social Media Post တစ်ခု ရေးသားတော့မယ်ဆိုရင်

Social Media Marketer တွေနဲ့ Content Developer တွေဟာ Social Media မှာတင်ဖို့ Post ရေးတဲ့အခါ တစ်ခါတစ်လေ အခက်အခဲရှိတတ်ကြပါတယ်.။ အဲလိုအခက်အခဲကြုံရတဲ့အခါ အောက်မှာဖော်ပြထားတဲ့အတိုင်း Social Media Post တွေကို ပြင်ဆင်ရေးသားနိုင်ပါတယ်.။


Facebook

Facebook မှာ Post တင်မယ်ဆိုရင် အရေးအကြီးဆုံးအချက်တွေက..

Valuable Information: ဖတ်ရှုသူအတွက် တစ်စုံတစ်ခုရရှိစေမယ့် တန်ဖိုးရှိတဲ့ Post ဖြစ်ရပါမယ်.။ လူတွေဟာ သူတို့အတွက် အကျိုးရှိတယ်လို့ ယူဆရတဲ့ Post တွေကို ပိုပြီး Engage လုပ်တတ်ကြပါတယ်.။

Provide a link: သင့် Website ကို Traffic ပိုမိုရောက်ရှိစေဖို့ Link ထည့်သွင်းပါ.။ Bit.ly သို့ Goo.gl ကိုအသုံးပြုပြီး Click တွေကို Track လုပ်နိုင်ပါတယ်.။

Include a photo: ဓါတ်ပုံပါဝင်တဲ့ Facebook Post တွေဟာ Engagement Rate အများဆုံး ရရှိပါတယ်.။ Facebook မှာ ဓါတ်ပုံတင်ဖို့ အသင့်လျော်ဆုံး Size ကတော့ 800x600 ဖြစ်ပါတယ်.။

Engage with your community: စစ်တမ်းအရ User တွေပေးတဲ့ Comment တွေကို Reply ပြန်တဲ့အခါ အဲဒီ user တွေရဲ့ ကုမ္ပဏီနဲ့ပတ်သက်ပြီး ဝယ်ယူအားပေးတဲ့ပမာဏ 20% to 40% အထိ တက်လာတာကို တွေ့ရပါတယ်.။

Think Mobile: US မှာဆိုရင် 78% သော Facebook အသုံးပြုသူတွေဟာ Mobile App မှတဆင့် အသုံးပြုကြတာဖြစ်ပါတယ်.။ တကမ္ဘာလုံးမှာလဲ အတူတူပါပဲ.။ ဒါကြောင့် သင့် Post ကို Mobile Optimized ဖြစ်အောင် ကြိုတင်စဉ်းစားပြင်ဆင်ထားပါ.။

Twitter

Twitter Post တစ်ခုမှာ ရှိသင့်တဲ့အရေးကြီးတဲ့အချက်တွေကတော့..

Perfect Tweet Length: Twitter Message ဟာ စာလုံးရေ 140 ထက်မပိုသင့်ပါဘူး.။ ဘာလို့လဲဆိုတော့ User တွေ ReTweet လုပ်ဖို့ space ချန်ထားရမှာမို့ပါ.။

Grammar: စာလုံးရေအကန့်အသတ်ကြောင့် Grammar ပိုင်းကို ချုံ့ရေးတာ အတိုကောက်ရေးတာမျိုးမလုပ်ပါနဲ့.။ အတတ်နိုင်ဆုံး မှန်ကန်အောင် အချက်အလက်ပြည့်စုံအောင် ရေးပါ.။

Call to Action: သင့်ရဲ့ follower တွေကို သင့် Tweet ကိုဖတ်ပြီးရင် ဘာလုပ်ရမယ်ဆိုတာ သေချာအောင် ထည့်ရေးပါ.။

Shorten URL: Bit.ly သို့ Goo.gl ကိုအသုံးပြုပြီး URL အတိုကောက်ရယူပါ.။

Mentions: @ ကိုအသုံးပြုပြီး အခြားအကောင့်တွေကို mention လုပ်ခြင်း၊ respond လုပ်ခြင်းဖြင့် engagement ကို တိုးတက်အောင်လုပ်ပါ.။

ReTweet: စိတ်ဝင်စားဖွယ် အကြောင်းအရာများကို Retweet လုပ်ခြင်းဖြင့် သင့် followers များနဲ့ engagement ပိုရအောင်လုပ်ပါ.။

Add Images and Videos: ပုံနဲ့ ဗွီဒီယိုဖိုင်တွေ တင်ခြင်းဖြင့် CTR တိုးတက်စေနိုင်ပါတယ်.။

Written by: အောင်မွန်ချမ်း
www.myanmarleaders.com

About The Collector

The Collector
Recommended Posts × +

0 comments:

Post a Comment