(1) Brand တွေရဲ့ Wall တွေပေါ်မှာ လာရေးတဲ့ Post တွေရဲ့ 95% ဟာ Reply ပြန်မရပါဘူး
သင်ဘာလုပ်သင့်လဲ
သင့် Brand ကို အများနဲ့မတူစေဖို့ Response Team တစ်ခု ဖွဲ့စည်းပြီး အချိန်နဲ့တပြေးညီ အကြောင်းပြန်သင့်ပါတယ်..
(2) Pinterest မှတဆင့် ဝယ်ယူမှုဟာ Social Media မှတဆင့် ဝယ်ယူမှုအားလုံးရဲ့ 40% ရှိပါတယ်
သင်ဘာလုပ်သင့်လဲ
Internation Sales တိုးတက်ဖို့အတွက် Pinterest ကို အသုံးပြုသင့်ပါတယ်.။ Pin တွေမှာ ဈေးနှုန်းတွေပါ ထည့်သွင်းပေးသင့်ပါတယ်.။ ဈေးနှုန်းများ ထည့်သွင်းခြင်းဖြင့် အရောင်းရာခိုင်နှုန်းကို 37% အထိ တိုးတက်စေပါတယ်.။
(3) ပျမ်းမျှအားဖြင့် Facebook User တစ်ဦးဟာ တစ်ကြိမ် Login ဝင်ရင် အချိန် မိနစ် ၂၀ Facebook ကို အသုံးပြုပါတယ်
သင်ဘာလုပ်သင့်သလဲ
တစ်နေ့လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် Post တင်သင့်ပါတယ်.။ Facebook Post တစ်ခုရဲ့ Reach ဟာ 18 နာရီအကြာမှာ တစ်ဝက်အထိ ကျဆင်းသွားတတ်လေ့ရှိပါတယ်.။
(4) သုံးစွဲသူတွေရဲ့ 13% ဟာ Brand တွေရဲ့ Content တွေကြောင့် Social Media တွေကို Follow လုပ်ကြတာဖြစ်ပါတယ်
သင်ဘာလုပ်သင့်သလဲ
သင်သိတဲ့အကြောင်းအရာကို Content အဖြစ်ပြောင်းလဲပါ.။ Valuable Content တွေ များများဖန်တီးဖို့ ကြိုးစားပါ.။
(5) Twitter Search မှာ user တွေဟာ တစ်လမှာ အကြိမ်ရေ 32 Billions ရှာဖွေနေကြပါတယ်
သင်ဘာလုပ်သင့်သလဲ
Hush Tag တွေ၊ Trend တွေကတဆင့် Targeted Listening လုပ်ပါ.။ သင့် Brand နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခု ရှာဖွေမှုလုပ်ရင် သင့် Twitter Account ရဲ့ Content ကို ဖော်ပြနိုင်အောင် လုပ်ဆောင်ပါ.။
(6) Google မှာ နေ့စဉ်ရှာဖွေမှု အားလုံးရဲ့ 20% ဟာ အရင်က တစ်ကြိမ်တစ်ခါမှ မရှာဖွေရသေးတဲ့ အသစ်တွေဖြစ်ပါတယ်
သင်ဘာလုပ်သင့်သလဲ
Keyword အသစ်ပေါင်းများစွာ နေ့တိုင်းထွက်ပေါ်နေတဲ့ သဘောမို့ Content နဲ့ Keyword Idea အသစ်တွေအတွက် Analytics ကောင်းကောင်းလုပ်ပါ.။
Written by: အောင်မွန်ချမ်း
www.myanmarleaders.com


0 comments:
Post a Comment