မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် Social Media Marketing နဲ့ပတ်သက်ပြီး မှားယွင်းတတ်တဲ့ အချက် (၃) ချက်အကြောင်း ရေးသားတင်ပြပေးထားပါတယ်.။ (5 Mins Read)
Social Media Marketing ဟာ ကျွန်တော်တို့ နိုင်ငံမှာ အခုမှ စပြီးခေတ်စားလာတာဖြစ်ပေမယ့် နိုင်ငံတကာမှာတော့ Social Media ကို Marketing Channel တစ်ခုအနေနဲ့ အသုံးပြုနေခဲ့ကြတာ အချိန်အနည်းငယ် ကြာခဲ့ပြီဖြစ်ပါတယ်.။ ကျွန်တော်တို့ဆီမှာတော့ Facebook ကိုပဲ အသုံးအများဆုံးမို့ Facebook Marketing ပဲလုပ်နေကြပါတယ်.။ နိုင်ငံတကာမှာ Facebook ထက် အခြား Social Media Website များဖြစ်တဲ့ Twitter, Google plus, Pinterest, Linkedin, Tumblr အစရှိတဲ့ Social Network တွေကို အသုံးပြုပြီး Customer များကို ဆွဲဆောင်လျှက်ရှိကြပါတယ်.။ ဒီဆောင်းပါးမှာ Social Media ကို အသုံးပြုရာမှာ မှားယွင်းနေတဲ့ အချက် (၃) ချက်ကို တင်ပြပေးသွားမှာပါ.။
(1) Facebook မှာ Post တင်လိုက်တာနဲ့ အားလုံးပြီးသွားပြီ.။
ဒီအချက်ဟာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ပထမဆုံးမှားတဲ့အချက်ပါ.။ Facebook မှာ Post တင်လိုက်ရုံနဲ့ သင့်ရဲ့ Social Media Marketing လုပ်ငန်းဟာ မပြီးသေးပါဘူး.။ Facebook မှာ Post တင်သင့်တဲ့ အချိန်၊ မတင်သင့်တဲ့အချိန်၊ တင်သင့်တဲ့ Content၊ မတင်သင့်တဲ့ Content အစရှိတဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်.။
Facebook မှာ တစ်ခုခုတင်ဖို့ အကောင်းဆုံးအချိန်ဟာ ညနေ (၃) နာရီမှ ည (၇)နာရီ ခန့်လောက်အထိ ဖြစ်ပါတယ်.။ တင်သင့်တဲ့ နေ့ရက်တွေကတော့ ကြာသပတေးနေ့မှ စနေအထိ ဖြစ်ပါတယ်.။ တင်တဲ့အခါမှာလဲ Shareable ဖြစ်တဲ့၊ ဖတ်လိုက်ရတဲ့သူ၊ ကြည့်လိုက်ရတဲ့သူက ပြန်ရှယ်နိုင်မယ့် Content မျိုးကို တင်ရတာဖြစ်ပါတယ်.။ ဓါတ်ပုံနဲ့ တွဲတင်တဲ့ Content တွေဟာ စာသားချည်းပဲ တင်တဲ့ Content တွေထက် စိတ်ဝင်စားမှု ပိုများတာကိုလဲ နားလည်ရပါမယ်.။
နောက်တစ်ခု သတိထားရမယ့်အချက်က Consistent ဖြစ်ရပါမယ်.။ တစ်နေ့ကို ပို့စ်တစ်ခု ပုံမှန်တင်တာနဲ့ တစ်နေ့တည်း ပို့စ် ၇ ခုတင်ပြီး တစ်ပတ်လောက်ပျောက်သွားတာနဲ့ မတူပါဘူး.။ ဒါတွေကို သတိပြုရပါမယ်.။
(2) အရမ်းမိုက်တဲ့ Content တစ်ခု ရေးပြီးသွားရင် website ကို လူတွေ သူ့အလိုလို လာကြလိမ့်မယ်.။
ဒါလဲ သတိထားသင့်တဲ့အချက်ပါ.။ သင်ဘယ်လောက်ကောင်းတဲ့ Content ပဲရေးရေး၊ လူတွေ မဖတ်လိုက်ရဘူးဆိုရင် ဘာမှမထူးပါဘူး.။ Facebook မှာ Post တစ်ခုတင်လိုက်တာနဲ့ Page ကို Like လုပ်ထားသူ အားလုံး မမြင်ရပါဘူး.။ နောက်ဆုံး Analytics တွေအရ Like ထားသူရဲ့ 2% to 3% ပဲ မြင်ရတာဖြစ်ပါတယ်.။ ဒီအတွက် သင့်အနေနဲ့ သင့် Content ကို လူများများမြင်စေချင်တယ်ဆိုရင် Facebook ကို ပိုက်ဆံပေးပြီး ကြော်ငြာထည့်ရမှာဖြစ်ပါတယ်.။ Website မှာဆိုရင်လဲ ဒီလိုပါပဲ.။ သင်ရေးထားတဲ့ Content ကို သူများမြင်စေချင်တယ်ဆိုရင် SEO လုပ်ရမယ်၊ Social Media တွေပေါ်မှာ ပြန်ရှယ်ရမယ်.။ ဒီလိုမှမဟုတ်ဘဲ Content စပါယ်ရှယ်ကြီးတစ်ခု ဖန်တီးပြီး လာဖတ်အောင် ထိုင်စောင့်နေမယ်ဆိုရင်တော့ မျှော်လင့်ထားတဲ့ ရလဒ်တွေ ထွက်လာမှာမဟုတ်ပါဘူး.။
(3) Facebook က ငါတို့နိုင်ငံမှာ အသုံးအများဆုံးပဲ၊ Facebook Marketing ပဲ လုပ်သင့်တယ်.။ ကျန်တာတွေမေ့ထားလိုက်.။
ဒါလဲမှားပါတယ်.။ ဥပမာဆိုပါတော့.။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းက အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း ဆိုပါတော့.။ ဒါမှမဟုတ် Business Consultant ဆိုပါတော့.။ Facebook နဲ့ Linkedin ဘယ်ဟာ သင့်အတွက် ပိုသင့်တော်မယ် ထင်ပါသလဲ? သင့်ရဲ့ Target Customer နဲ့ သူတို့ အသုံးပြုနေတဲ့ Network ကို သိထားသင့်ပါတယ်.။ စားသုံးသူတွေကို တိုက်ရိုက်ရောင်းချတဲ့ Product နဲ့ Service မျိုးတွေအတွက် Consumer တွေအများစုရှိတဲ့ Facebook မှာ ကြော်ငြာရင် ထိရောက်နိုင်သလို အပေါ်မှာ ပြောခဲ့တဲ့ B2B Service လို လုပ်ငန်းတွေဆိုရင်တော့ Linkedin မှာ ကြော်ငြာသင့်ပါတယ်.။ နိုင်ငံတကာကို ရည်ရွယ်တဲ့ News လို လုပ်ငန်းမျိုးဆိုရင် Twitter က သင့်တော်ပါတယ်.။ ဒါတွေကို သိထားသင့်ပါတယ်.။
ဒီအချက်တွေကတော့ Social Media Marketing နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ အမြင်မှားနေတဲ့ အချက်တွေဖြစ်ပါတယ်.။ တခြားအချက်တွေလဲ ရှိပါသေးတယ်.။ အခြေခံအချက်တွေလောက်ကိုပဲ တင်ပြပေးထားတာဖြစ်ပါတယ်.။ ဒါလေးတွေကို ပြုပြင်ပြီး Social Media ကို ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ.။ Digital Marketing နဲ့ Social Media Marketing, Content Marketing နဲ့ပတ်သက်ပြီး MyanmarLeaders.com မှလဲ ဝန်ဆောင်မှုပေးနေတဲ့ အကြောင်းလဲ တစ်ခါတည်း ကြော်ငြာဝင်လိုက်ပါရစေ.။
Written by: အောင်မွန်ချမ်း


0 comments:
Post a Comment