latest Post

Stock‬ market နဲ့ foreign exchange (forex) market တို့ ရဲ့  မတူညီမှုများ


Stock Market နဲ့ Forex Market အကြား ကွာခြားချက်များကို နားလည်ေအာင် ရှင်းပြပေးထားပါတယ်.။ (5 Mins Read)


လူအများစုက stock market ကို forex market နဲ့  အတူတူပဲလို့ ထင်တတ်ကြတယ်၊ ရင်းနှီးမြှုပ်နှံခြင်းနဲ့  အရောင်းအဝယ်ပြုလုပ်ခြင်းပုံစံသဘောတရားတွေတူပေမယ့် မတူညီသောတချို့ အချက်တွေကို ဗဟုသုတအလို့ ငှာဖော်ပြပေးလိုက်ပါတယ်..( messages box မှလာရောက်တောင်းဆိုချက်အရ မသိသေးတဲ့ beginner များ အတွက်ရည်ရွယ်တာမို့  သိပြီးသားသူများနဲ့  ပညာရှင်များအနေနဲ့ အောက်မှာဖော်ပြချက်တွေကို လိုအပ်ချက်များရှိပါက comment မှာ ဝင်ရောက် ဖြည့်စွက်အကြံပေးရေးသားနိုင်ပါကြောင်း)

1) Operating Hour

Stock market တွေဟာအများဟာဖြင့် တနေ့ ကို ၈ နာရီခန့်  နဲ့  တပတ်ကို ၅ ရက် တနင်္ဂလာနေ့  ကနေ သောကြာနေ့ အထိ အရောင်းဝယ်ပြုလုပ်ကြပါတယ်၊ ဥပမာ..Australian securities Exchange (ASX) ဆိုရင် Sydney time မနက် ၁၀ နာရီမှာဖွင့်ပြီး ညနေ ၉:၃၀ မှာပိတ်ပါတယ်..New York stock exchange (NYSE) နဲ့  US stock exchange(NASDAQ ) ကတော့ 9:30am to 4:00pm အတွင်း ၊ Singapore stock exchange (SGX) ကလည်း SG time 08:00am to 06:00pm အတွင်းမှာ အရောင်းအဝယ်ပြုလုပ်ကြပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံသားတယောက်အနေနဲ့  US stock market မှ stock တခုကို ဝယ်ချင်ရင် US stock market ဖွင့်ချိန်ဖြစ်တဲ့မနက် 9:30am ( မြန်မာအချိန်ည ၉ နာရီ ) မှသာ မှာဝယ်ယူနိုင်မှာဖြစ်ပါတယ်၊၊ Forex market ကျတော့ တနေ့ ကို ၂၄ နာရီ နဲ့  US , Europeans သို့ မဟုတ် Asian trading hour ဆိုပြီး ကြိုက်ရာရွေးချယ်ကာ တပတ်ကို ၅ ရက် အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်၊

2) Location of Market

Stock market ထဲမှာ company ရဲ့  stockေshare တွေကို ဝယ်ယူ ရောင်းဝယ်တာတွေ အဆင်ပြေစေဖို့  မြန်မာနိုင်ငံကလွှဲလို့  နိုင်ငံတော်တော်များများမှာ stock exchange ရုံးဌာနတွေခန်းနားထည်ဝါစွာ ဖွင့်လှစ်ထားတာကိုတွေ့ မြင်နိုင်ပါတယ်.. ( stock လောကအကြောင်းကို သိချင်ရင်တော့ မင်းသား လီယိုနာဒိုဒီကာပရီယို ရိုက်ထားတဲ့ The Wolf of Wall Street ဆိုတဲ့ရုပ်ရှင်ကားကို ရှာဖွေကြည့်ကြပါတော့) အင်တာနက်တွေမပေါ်ခင်က ရောင်းသူနဲ့  ဝယ်သူတွေဟာ stock exchange ရုံးတွေမှာ တွေ့ ဆုံပြီး ဒါမှမဟုတ် ဖုန်းနဲ့  order မှာပြီး အရောင်းအဝယ်ဖြစ်ကြပါတယ်၊၊ နောက်ပိုင်း နည်းပညာတွေမြင့်မားလာတာနဲ့ အမျှ stock exchange ကိုသွားစရာမလိုတော့ပဲ online မှာ brokerage account ဖွင့်ထားပြီး ထို account မှတဆင့်မိမိကြိုက်ရာ stock share တွေကို broker တွေကို commission ခပေးပြီး broker တွေရဲ့  website က trading platform တွေပေါ်မှာ အရောင်းဝယ်ပြုလုပ်နိုင်ကြပါတယ်၊ Stock market မှာ ရင်းနှီးမြှုပ်နှံရန်အတွက် Brokerage account တခုဖွင့်ဖို့  Broker တွေအပေါ်မူတည်ပြီး အနိမ့်ဆုံး ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အထိသတ်မှတ်ထားလေ့ရှိကြပါတယ်၊၊

Forex market ကျတော့ stock market ကဲ့သို့  Exchange ရုံးဌာနတွေမရှိပဲ internet Network ပေါ်က broker ရဲ့  website တွေပေါ်က Forex Platform တွေ iPhone , IPad တွေမှတဆင့်လည်း account ဖွင့်ပြီး currency (နိုင်ငံတကာငွေကြေး) များကို Broker တွေကိုလည်း commission ခ သီးသန့် ပေးစရာမလိုပဲ လွယ်ကူစွာ ၂၄ နာရီ trading လုပ်နိုင်ပါတယ်၊ Broker တွေက currency တွေရဲ့  bid price နဲ့  Ask price (Bid price ဆိုတာ trader က buyer ကို ရောင်းဈေးဖြစ်ပြီး Ask price ဆိုတာက trader က seller ဆီက ဝယ်တဲ့ဈေးဖြစ်ပါတယ်) တို့ ရဲ့  spread ( ဈေးနှုန်းကွာဟချက်) တွေမှတဆင့် ဝင်ငွေရရှိပါတယ်၊ Forex market မှာ trading လုပ်ရန်အတွက် account တခုဖွင့်ဖို့  အနိမ့်ဆုံး၂၅ ဒေါ်လာလောက်နဲ့ တောင်မှ စတင် ရောင်းဝယ်ပြုလုပ်နိုင်ကြပါတယ်၊၊ Forex market ဟာ currency တွေကိုဝယ်ယူတဲ့အခါ Leverage လို့  ခေါ်တဲ့ ငွေပမာဏ အနည်းငယ်နဲ့  ဆတိုးအချိုးကျ ဝယ်ယူခွင့်ပြုထားတဲ့အတွက် နည်းနည်းရင်းရုံနဲ့ အမြတ်အဆမတန်ရနိုင်သလို မတန်တဆလည်းဆုံးရှုံးနိုင်ပါတယ်. ဥပမာ..Leverage 20:1 ကိုအသုံးပြုပြီး currency တွေကိုဝယ်မယ်ဆိုရင် $1000 ပဲရှိတဲ့ small account လေးက အဆ ၂၀ များပြီး $ 20,000 တန်ဖိုးရှိတဲ့ currency တွေကို အရောင်းဝယ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်၊၊

3) Liquidity & Size of Market

Forex market ဟာကမ္ဘာပေါ်မှာ ငွေဖြစ်အလွယ်ဆုံး market တခုဖြစ်ပါတယ်၊ forex market ထဲမှာ ကြီးမားတဲ့ ပုဂ္ဂလိကဘဏ်ကြီးတွေ , ဗဟိုဘဏ်တွေ , ရင်းနှီးမြှုပ်နှံဖို့  သီးသန့် ဖွဲ စြည်းထားတဲ့ ကုမ္ပဏီကြီးတွေ , ငွေကြေးတွေကို ဈေးကစားနေတဲ့ကျွမ်းကျင်တဲ့အဖွဲ့ အစည်းတွေ, အစိုးရအဖွဲ့ စည်းတွေ နဲ့  သာမန်ရောင်းဝယ်နေကြတဲ့ trader လေးတွေဟာ နေ့ စဉ် 4 trillion နီးပါး trading လုပ်နေကြတဲ့အတွက် stock market ထက် အဆပေါင်းများစွာကြီးမားတဲ့ market ကြီးတခုဖြစ်ပါတယ်၊ stock market ကတော့ forex market လောက်ငွေဖြစ်မလွယ်ပေမယ့် ရေရှည်ရင်းနှီးမြှုပ်နှံတဲ့အခါ compound interest ဆိုတဲ့ ပေါင်းစပ်အတိုးတွေကြောင့် forex ထက် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ပါတယ်..Forex နဲ့ စာရင် stock market က volatility (ဈေးနှုန်းမတည်ငြိမ်မှု ) နည်းတဲ့အတွက် risk နည်းတယ်လို့ လည်းဆိုနိုင်ပါတယ်၊၊ stock market မှာ သိန်းပေါင်းများစွာသော company တွေရဲ့  stock share တွေ , အမျိုးမျိုးသော sector တွေ ,ကိုရွေးချယ်ဝယ်ယူတဲ့အခါမှာ company ရဲ့  တိုးတက်မှု့  ဆုတ်ယုတ်မှု့ အခြေနေတွေ ကို analyse လုပ်ရတာ အနည်းငယ်ပိုရှုပ်ထွေးပါတယ်..forex market မှာကတော့ အရောင်းအဝယ်လုပ်စရာဆိုလို့  currency တွေပဲရှိတော့ market ကို analyse လုပ်ဖို ပဲလိုအပ်ပါတယ်..ဒါကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံမယ့်သူတွေက Stock market ကိုရွေးချယ်ကြပြီး ရေတို အရောင်းအဝယ်လုပ်ပြီး ငွေအမြန်ပေါ်ချင်တဲ့သူတွေက forex market မှာ trading လုပ်လေ့ရှိပါတယ်၊

www.myanmarleaders.com

About The Collector

The Collector
Recommended Posts × +

0 comments:

Post a Comment