ဆိုတော့ အပိုဝင်ငွေရအောင် ဘယ်လိုလုပ်မလဲတဲ့.. နည်းလမ်း အမျိုးမျိုး ရှိပါတယ်။
- Online Shopping ဖွင့်ခြင်း (တော်တော်များများ လုပ်နေကြပါတယ်၊ အထူးသဖြင့် Facebook Page တွေဖွင့်ပြီး Cash On Delivery စနစ်နဲ့ အလုပ်လုပ်ကြပါတယ်)
- Freelance Job တွေလုပ်ခြင်း ( ဒါကတော့ ၂ မျိုးရှိပါတယ်၊ Local နဲ့ World Wide ဆိုပါတော့၊ Local ကုမ္ပဏီအချို့ကလဲ Freelancer တွေကို ငှားပြီး အလုပ်လုပ်ခိုင်းတတ်ကြတယ်၊ Developer တွေ Designer တွေဆိုရင် Freelance အလုပ်တွေ ပိုပေါတတ်ပါတယ်၊ Local Magazine နဲ့ Journal တွေအတွက်လဲ စာရေးပေးတတ်သူတွေ ရှိပါတယ်။ Local Freelance နဲ့ပတ်သက်ပြီး ကျနော် Page တစ်ခုထောင်ထားပါတယ်။ Myanmar Freelancers ပါ.။ Global မှာတော့Freelancer.com လို၊ Fiverr.com လို Marketplace တွေ ရှိပါတယ်.။ Payment အဆင်မပြေသေးလို့ ဒီကလှမ်းလုပ်ဖို့တော့ အခက်အခဲရှိပါလိမ့်မယ်.။)
- အချိန်ပိုင်း Part time အလုပ်လုပ်ခြင်း၊ (1876 Hot Line က အချိန်ပိုင်း Operator တွေခေါ်ပါတယ်.။ နာရီနဲ့ပေးတာပါ.။ အဲဒီမှာ ဝင်လုပ်ကြသူတွေရှိပါတယ်.။ နောက်တစ်ခု အချိန်ပိုင်း Data Collecting လုပ်ခြင်း၊ အချိန်ပိုင်း ဈေးရောင်းပေးခြင်း စတဲ့အလုပ်တွေလဲ ရှိပါတယ်.။ ကိုယ်တတ်တဲ့ ပညာတစ်ခုခုကို စာသင်ပေးတာမျိုးလဲ လုပ်လို့ရပါတယ်.။ Multi Level Marketing တော့ မလုပ်ပါနဲ့.။ အလိမ်ခံရပါလိမ့်မယ်.။)
ဒါတွေကတော့ သေချာတဲ့ အလုပ်အကိုင်တွေပါ.။ သိပ်မသေချာဘဲ အလိမ်ခံရနိုင်တဲ့ အလုပ်တွေရှိပါသေးတယ်.။ သိပ်မသေချာဘူးဆိုတာက အလုပ်ရှင် သို့မဟုတ် Website ပေါ်မူတည်ပါတယ်.။
- PTC & Investment Websites ( ကြော်ငြာကြည့်ရင် ပိုက်ဆံပေးမယ်ဆိုတဲ့ ဆိုက်ဒ်တွေပါ.။ Investment Websites တွေက ပိုက်ဆံကြိုတောင်းပါတယ်.။ PTC တွေကတော့ မပေးရတတ်ပါဘူး.။ သို့သော် အလိမ်ခံရနိုင်ပါတယ်.။ ဥာဏ်ရှိသလို သုံးဖို့ပါ.။
- Forex Trading (နိုင်ငံတကာမှာ လုပ်နေကြတဲ့ Trading ကို ဒီမှာလဲလုပ်လို့ရပါပြီ.။ တစ်ခုရှိတာက မကျွမ်းကျင်ဘဲလုပ်ရင် ရှိသမျှပိုက်ဆံ အကုန်ကုန်ပါလိမ့်မယ်.။ ကျွမ်းကျင်သွားမှ လုပ်လို့ရမှာပါ.။ Forex Trading အကြောင်းသိချင်ရင် Comment မှာလာမေးပါ.။ Ebook ပို့ပေးပါမယ်)
- Affiliate Marketing & Blog Marketing (Online မှာ Model Website တွေ မြင်ဖူးပါလိမ့်မယ်၊ ဘေးမှာ ကြော်ငြာလေးတွေနဲ့လေ.။ Viewer က ကလစ်လိုက်ရင် ကိုယ့်မှာ ပိုက်ဆံရပါတယ်.။ ဒီအတွက်လဲ အခက်အခဲတစ်ချို့ရှိပါတယ်.။ အဓိကအခက်အခဲကတော့ Payment ပါ.။ Google Adsense ကိုသုံးတာဖြစ်တဲ့အတွက် Google က ကိုယ့်ကို Verify မဖြစ်ရင် မပေးပါဘူး.။ နောက်တစ်ခုက Google Adsense က Approve ရဖို့ အရမ်းခက်ခဲပါတယ်.။ နောက် ကိုယ့် website ကို viewer ရဖို့ SEO လုပ်ရတာတွေ Social Media မှာ Promote လုပ်ရတာတွေ ရှိပါမယ်.။ Affiliate Marketing အတွက်လဲ အတူတူပါပဲ.။ AM နဲ့ Blogging Business အကြောင်းကို သီးသန့် post တစ်ခု ရေးပေးပါမယ်.။
- Mobile Marketing (အပေါ်ကတစ်ခုနဲ့ ဆင်ပါတယ်.။ Mobile App တစ်ခုထုတ်ပြီး ကြော်ငြာထည့်သွင်းတာမျိုးပါ.။ အခက်အခဲကတော့ ထုံးစံအတိုင်း Payment ပါ.။ ထုတ်ဖို့ နဲနဲခက်ပါတယ်.။ နောက်ပိုင်းတော့ လွယ်လာမယ်ထင်တာပဲ)
- Survey ဖြေခြင်း ( ရတာနည်းပါတယ်.။ အချိန်တစ်နာရီလောက်ပေးရတဲ့ Survey တစ်ခုကိုမှ $5 လောက်ပဲရတတ်ပါတယ်..။ Scam တွေနဲ့ တွေ့ရင်လဲ တကယ်ပိုက်ဆံမပေးဘဲ လိမ်တာမျိုး ရှိပါတယ်.။)
ဒါတွေကတော့ အဓိကပိုက်ဆံရှာနည်းတွေပါ.။ အခြားနည်းတွေလဲ ရှိပါသေးတယ်.။ အဓိက အကြံပေးချင်တာက
(၁) ပိုက်ဆံကြိုပေးရမှာမျိုးတွေကို အတတ်နိုင်ဆုံးရှောင်ပါ.။ ပေးကိုပေးရမှာမျိုးဆိုရင်လဲ အလိမ်ခံနိုင်တဲ့ Amount ကိုပေးပါ.။
(၂) ကိုယ်ကျွမ်းကျင်တာကို လုပ်ခြင်းဖြင့် အပိုဝင်ငွေရှာတဲ့နည်းလမ်းကို ရွေးပါ.။ လူတစ်ယောက်ဟာ တစ်ခုခုတော့ တတ်ပါတယ်.။ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ရတဲ့ပိုက်ဆံဟာ ကိုယ်က ပိုတန်ဖိုးထားတဲ့အတွက် သုံးတဲ့အခါမှာလဲ တန်ဖိုးထားပြီး သုံးပါတယ်.။ လွယ်လွယ်ရရင် လွယ်လွယ်ကုန်တတ်ပါတယ်.။
(၃) ပထမ Post မှာပါသလိုပဲ သူများပြောတိုင်းမယုံပါနဲ့.။ MLM ထောင်ချောက်မိသွားလို့ မလိမ်ချင်ဘဲ လိမ်နေရသူပါသလို လိမ်ချင်လို့ကို လိမ်နေသူတွေလဲ ရှိပါတယ်.။ ငွေရေးကြေးရေးမှာ အစစဂရုစိုက်မှ တန်ကာကျမှာပါ.။
နောက်ပိုင်းပို့စ်တွေမှာ မြန်မာပြည်မှာလုပ်လို့ရတဲ့ စီးပွားရေး idea တွေကို ရေးပေးပါဦးမယ်.။ ရေးသမျှကို Myanmar Leaders : စွန့်ဦးတီထွင် လူငယ်များအတွက်Page မှာ ဖတ်နိုင်သလို www.myanmarleaders.com မှာလဲ ဖတ်နိုင်ပါတယ်.။ တခြားသူတွေ ဖတ်နိုင်ဖို့ ပြန်ရှယ်ပေးပါဦး.။
Written by: အောင်မွန်ချမ်း
Written by: အောင်မွန်ချမ်း


I wanna know about Forex Trading . could you please send me ebook? thank you very much
ReplyDeleteForex Trading အကြောင်းစာအုပ်ပို့ပေးစေလိုပါတယ်။ ကျွန်တော့် mail လိပ်စာကတော့ sawminhlaing100@mail.ru ပါ ။
ReplyDelete